အခုဖေဖော်ဝါရီလအတွင်း စက်သုံးဆီတင်သင်္ဘော ၂၉ စင်းနဲ့ စဉ်ဆက်မပြတ် တင်သွင်းဖို ကြိုတင်စီမံဆောင်ရွက် ထားတဲ့အတွက် ပြည်တွင်းပြတ်လပ်မှု မရှိနိုင်ဘူးလို စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေး ကော်မတီကနေ သိရပါတယ်။

လက်ရှိမှာ သီလဝါရှိ ဆီချဆိပ်ကမ်းတွေမှာ စက်သုံးဆီတင် သင်္ဘော ခြောက် စင်း၊ ပင်လယ်ဝမှာ သင်္ဘော သုံးစင်း ရောက်ရှိနေပြီး လမ်းခရီးမှာ သင်္ဘော တစ်စင်းနဲ့ ပြည်ပနိုင်ငံတွေမှာ စက်သုံး ဆီ တင်ဆောင်နေတဲ့ သင်္ဘော ၁၀ စင်း အသင့်ဖြစ်နေပြီလို ဆိုပါတယ်။ အခုလမှာ စက်သုံးဆီတင်သင်္ဘောတွေ အများအပြား ဝင်ရောက်လာနိုင်တာ ကြောင့် စက်သုံးဆီ ပြတ်လပ်မှု မရှိနိုင်ဘဲ စက်သုံးဆီဈေးတွေ လျော့ကျလာနိုင်တယ်လို ပြည်သူတစ်ယောက်က ပြောပါတယ်။

ပြည်တွင်း စက်သုံးဆီ ဖူလုံမှု ရှိစေဖိုအတွက် နေ့စဉ်သုံးစွဲမှု ပမာဏအပြင် အရန်ဆီအနေနဲ့ တစ်လစာ လောက် တင်သွင်းသိုလှောင်ထားရှိပြီး သီလဝါကနေ နိုင်ငံတစ်ဝန်းကို လုံလောက်တဲ့ ဆီတင်ယာဉ်တွေနဲ့ အချိန်နဲ့ တစ်ပြေး ညီ ဖြည့်တင်း ဖြန့်ဖြူးရောင်းချပေးနေတယ်လို ဆိုပါတယ်။ စက်သုံးဆီ ဈေးနှုန်းတွေကလည်း အရင်ကထက် တစ်လီတာကို ၈၅ ကျပ်ကနေ ၁၁၅ ကျပ်ထိ ဆက်တိုက်ကျဆင်းနေတယ်လို စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကနေ သိရပါတယ်။