ပြီးခဲ့တဲ့ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော် ရှိခဲ့ တယ်လို ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီက သိရပါတယ်။

အခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်မှာလည်း ကုန်သွယ်မှုပိုငွေ ရရှိစေဖို ပိုကုန်တိုးမြှင့်တင်ပိုနိုင်ဖို ကြိုးပမ်း ဆောင်ရွက်ရမှာဖြစ်တယ်လို ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော် မတီဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ၊ ဒုတိယဝန်ကြီးချုပ် နဲ့ ပိုဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။မေလ ၂၃ ရက်က ပြုလုပ်တဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော် မတီ အစည်းအဝေးမှာ ခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ကုန်သွယ်မှုပိုငွေရရှိဖိုအပြင် ပိုကုန်ရငွေတွေ အချိန်မီပြန်လည်ဝင်ရောက်ရေး ၊ စက်သုံးဆီ ၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကိစ္စတွေ အဆင်ပြေစေရေး ၊ CMP လုပ်ငန်းတွေ ပိုမိုတင်ပိုနိုင်ရေး စတဲ့ ကိစ္စရပ်တွေကိုလည်း ဦးစားပေးဆောင်ရွက်နေတယ်လို ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေးနည်းလမ်းအနေနဲ့ ရန်ကုန် – ကော့သောင်း – ရနောင်း နဲ့ ရနောင်း – ကော့သောင်း – ရန်ကုန် ကိုကွန်တိန်နာစနစ်နဲ့ ပိုကုန်သွင်းကုန်လုပ်ငန်းတွေကို ၂၀၂၄ ခုနှစ် ဇွန်လက စတင်ဆောင်ရွက် ခဲ့တယ်လို သိရပါတယ်။အခုဘဏ္ဍာနှစ်အတွင်း ပြည်ပကို ပိုကုန်တင်ပိုမှုကနေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ ဘီလီယံကျော် ရရှိဖိုနဲ့ သွင်းကုန်တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံကျော် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကျော်ရှိဖို မျှော်မှန်းထားတယ်လို ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီ မံကိန်း ဥပဒေမှာဖော်ပြထားချက်အရသိရပါတယ်။မြန်မာ့ပြည်ပပိုကုန်တွေရဲ့ အဓိကဈေးကွက်တွေက တရုတ်၊ ထိုင်းနဲ့အိန္ဒိယနိုင်ငံတို ဖြစ်ပါတယ်။ပိုကုန်စုစုပေါင်း ရဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံ ၊ ပဲမျိုးစုံတင်ပိုမှုရဲ့ ၅၂ ရာခိုင်နှုန်းခန့်ကို အိန္ဒိယနိုင်ငံကို တင်ပိုနေတယ်လို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါ တယ်။