မြေဩဇာ တင်သွင်းမှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် တင်သွင်းလာတဲ့ မှတ်ပုံတင်လက်မှတ်တွေကို စိစစ်ခဲ့ရာ လက်ရှိ အချိန်ထိ မှတ်ပုံတင်အစောင် (၇)ထောင်ကျော်ကို လုပ်ငန်းလိုင်စင်ခွင့်ပြုထားတယ်လို့ စိုက်ပျိုးရေးဦးစီး ဌာနကနေ သိရပါတယ်။လုပ်ငန်းမှတ်ပုံတင်တွေကို အလွယ်တကူ လျှောက်ထားနိုင်ဖို့အတွက် အွန်လိုင်းကနေ လျှောက်လို့ရအောင် ဆောင်ရွက်ထားတာပါ။

တင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိထားတဲ့ မြေဩဇာတွေကို ပြည်တွင်းမှာ တင်သွင်း ဖြန့်ဖြူးမယ်ဆိုရင် သွင်းကုန်လိုင်စင် လျှောက်ထားဖို့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ မြေဩဇာအဖွဲ့နဲ့ နည်းပညာအဖွဲ့တွေက ထောက် ခံစာတွေကိုလည်း ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။လက်ရှိအချိန်ထိ မြေဩဇာ တင်သွင်းမှု၊ ထုတ်လုပ်မှု လုပ်ငန်းတွေအတွက် မှတ်ပုံတင်လက်မှတ် (၁၂၇၀၀) ကျော် စိစစ်ခွင့်ပြုပေးခဲ့တဲ့အထဲမှာ ပြန်လည်ပယ်ဖျက်လိုက်တဲ့ မှတ်ပုံတင်လက်မှတ် (၅၀၀၀) ကျော်ရှိပြီး လက်ရှိမှာ မှတ်ပုံတင်အစောင်ရေ (၇၆၀၀)ကျော်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။