တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဟာ နည်းပညာမြင့် စက်မှုလုပ်ငန်းတွေမှာ အသုံးပြုတဲ့ အလယ်အလတ်အဆင့်နဲ့ အရည်အသွေးမြင့် မြေရှားသတ္တုတွေ ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မြေရှားသတ္တုနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ တင်ပို့ခွင့်လိုင်စင် လျှောက်လွှာတချို့ကို ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်မှုဟာ စက်မှုလုပ်ငန်းသုံးစက်ရုပ်နဲ့ လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍတွေလို ကမ္ဘာလုံးဆိုင်ရာ နည်းပညာ မြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဓိက ကုန်ကြမ်းပေးသွင်းသူဖြစ်တဲ့ တရုတ်နိုင်ငံက သူ့နိုင်ငံရဲ့ သယံဇာတ လုံခြုံရေးနဲ့ အကျိုးစီးပွားဟန်ချက်ညီစေဖို့ ချဉ်းကပ်လုပ်ဆောင်တာဖြစ်တယ်လို့ ကုန်သွယ်ရေးခွဲခြမ်းစိပ်ဖြာသူ တွေက ပြောထားပါတယ်။မြေရှားသတ္တုနဲ့ ဆက်နွှယ်တဲ့ပစ္စည်းတွေက အရပ်ဘက်နဲ့ စစ်ဘက် နှစ်ခုလုံးမှာ အသုံးပြုနိုင်တဲ့ပစ္စည်းတွေ ဖြစ်တာ ကြောင့် မြေရှားသတ္တုနဲ့ ဆက်နွှယ်တဲ့ ပစ္စည်းတွေ တင်ပို့မှု ထိန်းချုပ်ချမှတ်တာက နိုင်ငံတကာအလေ့အထနဲ့ ကိုက်ညီတယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ဆိုပါတယ်။

ဥရောပလုပ်ငန်းတွေဟာ မကြာသေးခင်အချိန်က မြေရှားသတ္တုတင်ပို့ခွင့်တွေ ပိုများလာတာ မြင်တွေ့လာရတယ် လို့ တရုတ်နိုင်ငံမှာရှိတဲ့ ဥရောပသမဂ္ဂကုန်သွယ်ရေးဥက္ကဋ္ဌ ယန့်စ်အီစ်ကလွန်ဒ် ကပြောပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ပုံမှန်ဆက်သွယ်မှုရှိနေပြီး ကုမ္ပဏီများစွာ ကြုံတွေ့နေကြရတဲ့ မတည်ငြိမ်မှုကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်တဲ့ အကြံပြုချက်တွေကို ဆွေးနွေးနေကြပါတယ်။ ဒါက ဥရောပနဲ့တရုတ်အတွက် အပြန်အလှန်အကျိုးရှိစေမှာဖြစ်တယ်လို့ ယန့်စ်အီစ် ကလွန်ဒ်က ပြောကြားထားပါတယ်။