မြန်မာနိုင်ငံ နဲ့ နိုဗိုစီဗစ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စ တာ ထရာ့ဗနီကော့ဗ် အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ်တို့ဟာ မတ်လ ၉ ရက်က နိုဗိုစီဗစ်မြို့(Grand Autograph) ဟိုတယ်ရှိ အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲဒီ တွေ့ဆုံပွဲကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်း ဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးတွေ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦး သစ်လင်းအုန်း နဲ့ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး နဲ့အတူ အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံ နဲ့ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ကောင်းမွန်နေမှု နှစ်နိုင် ငံ ခရီးသွား လုပ်ငန်းတွေ ကုန်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင် ရွက်တဲ့အတွက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုတိုးတက်လာနိုင်မှု မြန်မာနိုင်ငံမှ ပညာတော်သင် သင် တန်းသားအရာရှိတွေ နိုဗိုစီဗစ်မြို့ရှိ တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားနေမှု နိုဗိုစီဗစ်မြို့နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့ တို့ကို တိုက်ရိုက်လေကြောင်း ပြေးဆွဲနေမှု ထုတ်ကုန်တွေ အပြန်အလှန် တင်ပို့နိုင်မှု စတဲ့ အခြေအနေတွေကို ဆွေး နွေးခဲ့ကြတယ်လို့ သိရပါတယ်။တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့ဟာ လက် ဆောင်ပစ္စည်းတွေ အပြန်အလှန် ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြတယ်လို့ သိရပါတယ်။