ပြီးခဲ့တဲ့ မေလအတွင်းက ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂၅၉၅၀၁ ဒသမ ၃ တန် တင်ပိုခဲ့တယ်လို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကသိရပါတယ်။ ပြည်ပကို ဆန်တန်ချိန် ၁၄၇၈၈၂ ဒသမ ၃ တန်နဲ့ ဆန်ကွဲ တန်ချိန် ၁၁၁၆၁၉ တန် ကို ကုမ္ပဏီ၆၀က ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကနေ တင်ပိုနိုင်ခဲ့တာပါ။

ဆန်တင်ပိုရာမှာ ဖိလစ်ပိုင် ၊ တရုတ် ၊ စပိန် ၊ နယ်သာလန် နိုင်ငံတွေကို ဆန်တန်ချိန် အများဆုံး တင်ပိုခဲ့ပြီး စုစုပေါင်း နိုင်ငံ ၃၀ ကို တင်ပိုခဲ့ပါတယ်။ အလားတူ ဆန်ကွဲကိုလည်း ဘယ်လ်ဂျီယံ ၊ တရုတ် ၊ အင်ဒိုနီးရှား ၊ နယ်သာလန် ၊ UK နိုင်ငံတွေကို အများဆုံး တင်ပိုခဲ့ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံကို တင်ပိုခဲ့တယ်လို သိရပါတယ်။အခုဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပကို ဆန် နဲ့ ဆန်ကွဲ တန်ချိန် ၄သိန်းကျော် တင်ပိုထားပြီ ဖြစ်တယ်လို MRF က ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်း ကျော် တင်ပိုနိုင်ခဲ့ပြီး ပိုကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့တယ်လို သိရပါတယ်။