အမေရိကန်သမ္မတဒေါ်နယ်ထရမ့် မကြာသေးခင်က ချမှတ်လိုက်တဲ့ အခွန်ကောက်ခံမှု အသစ်တွေကြောင့် အမေရိကန်နဲ့တရုတ်ကြား ကုန်သွယ်ခွန်တိုးမြှင့်လာချိန်မှာ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစနစ်က မကြုံဖူးသေးတဲ့ အကျပ်အတည်းကာလထဲ ရောက်ရှိသွားနိုင်တယ်လို ဒူဝီချာဘဏ်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးသုတေသနဌာန အကြီးအကဲဖြစ်သူ ဂျော့ဂျ်ဆာရာဗယ်လော့စ်က သတိပေးပြောကြားထားတာကို Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

ထရမ့်ရဲ့အခွန်သစ်ကြောင့် အမေရိကန်ဒေါ်လာလည်း အကျပ်အတည်းကာလနဲ့ ရင်ဆိုင်နေရပြီး အမေရိကန် ငွေကြေးအပေါ် ကမ္ဘာလုံးဆိုင်ရာ ယုံကြည်လည်း ဆုံးရှုးမှုတွေဖြစ်ပေါ်ခဲ့ကာ ကမ္ဘာ့ဈေးကွက်အတွင်း ယိမ်းယိုင် ပြိုလဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ရှယ်ယာတန်ဖိုးတွေ၊ ဒေါ်လာနဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ငွေချေးစာချုပ်တွေ အပါအဝင် အမေရိကန် ကုန်ပစ္စည်း အားလုံးရဲ့ဈေးကွက်တွေ တစ်ပြိုင်နက်တည်း ပြိုလဲနေပြီဖြစ်တယ်လို စီးပွားရေးပညာရှင်တွေက သုံးသပ်ခန့်မှန်း ထားကြပါတယ်။ကမ္ဘာလုံးဆိုင်ရာဈေးကွက်ဟာ အရင်က မျှော်မှန်းထားတာထက် ပိုမိုလျင်မြန်စွာနဲ့ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို ဆက်တိုက် လျှော့ချလာနေပြီး ဒီလုပ်ငန်းစဉ်ကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်မလဲဆိုတာကတော့ မရေရာတဲ့ အခြေအနေမှာ ရှိနေတယ်လို ဆာရာဗယ်လော့စ်က သတိပေးခဲ့ပါတယ်။