ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အမေရိကန်ကို တင်သွင်းလာတဲ့ ကုန်စည်တွေအပေါ် အခွန် ၁၀ ရာခိုင်းနှုန်း ကောက်ခံမယ်ဆိုတဲ့ ထရမ့်စည်းကြပ်ခွန်သစ်က ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကို စတင်ဖို့ လမ်းစရှာနေ တာဖြစ်ကြောင်း တရုတ်ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတက စည်းကြပ်ခွန်တွေ ထပ်မံတိုးမြှင့်မယ်လို့ ကတိပြုပြီးနောက် “တရုတ်အပေါ် အခွန်တိုးမြှင့်ဖို့ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုဟာ အမှားတစ်ခုပါပဲ”လို့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။အဲဒီ အခွန်စည်းကြပ်မှုဟာ အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံအားလုံးနီးပါးအပေါ် သက်ရောက်စေပြီး အထူး သဖြင့် အာရှနိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြင့်မြင့်မားမား သတ်မှတ်ထားတာကို တွေ့ရပါ တယ်။ နိုင်ငံအားလုံးနီးပါးအပေါ် စည်းကြပ်ခွန်တွေ တိုးမြှင့်တာဖြစ်လို့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွေ ကျိုးပျက် ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ မလွဲမသွေ ဖြစ်လာမယ်လို့လည်း လေ့လာသူတွေက ပြောကြားထားပါ တယ်။