တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ပြခန်းပေါင်း (၈၀) ပါဝင်ပြသသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။တရုတ်-အာဆီယံ ကုန်စည်ပြပွဲကိုတော့ လာမယ့် စက်တင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိ (၅)ရက်ကြာ ကျင်းပ မှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင်ပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပြပွဲကနေ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးအခြေခံတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေက ထုတ်ကုန်တွေ၊ တရုတ်နိုင်ငံဈေးကွက်ကို ဝင်ရောက်နိုင်ဖို့အတွက် အခွင့်အလမ်းတွေရရှိမှာဖြစ်တယ်လို့လည်း သိရ ပါတယ်။ဒါ့အပြင် မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာတွေကိုလည်း ခင်းကျင်းပြသဖို့ စီစဉ်ထားတယ်လို့ သိရ ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က နန်နင်းမြို့မှာ ကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာလည်း မြန် မာနိုင်ငံက ကျောက်မျက်ရတနာတွေ တန်ဖိုးမြှင့် စားသောက်ကုန်တွေအပါအဝင် ပြခန်း(၈၀)ကျော်ဝင်ရောက် ပြသခဲ့ပါတယ်။တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ၂၀၀၄ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၀၅ ခုနှစ် ကစပြီးပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။