တရုတ်ကို နယ်စပ်ကနေ ဖရဲသခွားတင်ပို့ရာမှာ သယ်ယူပို့ဆောင်စရိတ်၊ လုပ်သားခအပါအဝင် အထွေ ထွေကုန်ကျစရိတ်တွေ မြင့်တက်လာတယ်လို့ နယ်စပ်သစ်သီးဝလံကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။မြန်မာဘက်ကနေ တရုတ်နိုင်ငံထဲအရောက် ဖရဲသီးတစ်ကီလိုအတွက် သယ်ယူစရိတ်၊ လုပ်သားခနဲ့ အခွန်အပါအဝင် အထွေထွေကုန်ကျစရိတ်က ၂ ယွမ်ကျော်ရှိပြီး သခွားမွှေးတစ်ကီလိုကို တရုတ်ငွေ ၄ ယွမ်ကျော် ကုန်ကျနေပါတယ်။

တရုတ်ပြည်ထဲပြန်ရောင်းချတဲ့အခါမှာ အရည်အသွေးအလိုက် ဖရဲ တစ်ကီလိုကို ၂ ယွမ်ကနေ ၄ ယွမ် ကြားသာရရှိပြီး သခွားမွှေးတစ်ကီလိုကို ၃ ယွမ်ကနေ ၄ ယွမ် ကျော်သာ ရရှိတယ်လို့ သိရပါတယ်။အရည်အသွေးညံ့ ဖရဲသခွားမွှေးသီးတွေ တင်ပို့တဲ့သူတွေကတော့ ရှုံးကြတယ်လို့ နယ်စပ်သစ်သီးဝလံ ကုန်သည်တစ်ယောက်က ပြောပါတယ်။ဒါကြောင့် ဖရဲတင်ပို့တဲ့တောင်သူတွေ၊ ကုန်သည်တွေအနေနဲ့ အသီးအရည်အသွေး၊ ရောင်းဈေးအခြေ အနေနဲ့ အရှုံးအမြတ်ဖြစ်နိုင်ချေကို ချိန်ဆပြီးမှတင်ပို့ဖို့ သစ်သီးပွဲရုံတွေက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံက ဖရဲသီးတွေကို တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာပါ။ လက်ရှိမှာ မိုင်းလားနယ်စပ် ကနေ တင်ပို့နေပြီး နေ့စဉ် ဖရဲကားစီးရေ ၁၀ စီးကျော် ၁၅ စီးလောက်နဲ့ သခွားမွှေးကား စီးရေ ၂၀ ကျော် ၃၀ လောက် ဝင်ရောက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းက ဖရဲစိုက်ပျိုးရေးမှာလည်း တရုတ်လုပ်ငန်း ရှင်တွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီး ဖရဲစိုက် တောင်သူတွေကို ပံ့ပိုးတာတွေ ရှိနေပါတယ်။