တရုတ်ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း ထပ်မံကောက်ခံဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်ပြောဆိုလာတာကို CNNသတင်းမှာရေးသားထားပါတယ်။အခွန်ကောက်ခံမှုကို မတ်လ ၄ ရက်မှာ စတင်မှာဖြစ်ပြီး အမေရိကန်ကို ဖန်တနိုင်းမူးယစ်ဆေးတွေ ဝင်ရောက်မှုကို တားဆီးဖို့ ပျက်ကွက်နေကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။ထရမ့်ဟာ သမ္မတဖြစ်လာပြီးနောက် အခွန်ကောက်ခံမှုတွေကို ဆက်လက်တိုက်ပြုလုပ်နေတာကြောင့် ကုန်သွယ်ရေးတင်းမာမှုတွေရှိနေပြီးအ ခုလအစောပိုင်းကလည်း တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း စတင်ကောက်ခံနေပြီဖြစ်ပါတယ်။

ကနေဒါ ၊ မက္ကဆီကပိုတို့အပေါ်ကိုတော့ အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီး မတ် ၄ ရက်မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။ နယ်စပ်လုံခြံရေးကို တိုးမြှင့်မပေးဘူးဆိုရင် အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ ဖေဖော်ဝါရီ ၄ ရက်က ကြေညာခဲ့တာပါ။ဒါပေမယ့် နယ်စပ်လုံခြုံရေး တိုးမြှင့်ဖို့နဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး နည်းလမ်းတွေကို ဆွေးနွေးပြီးနောက် အခွန်ကောက်ခံမှုကို တစ်လကြာ ဆိုင်းငံ့ခဲ့ပါတယ်။ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ဟာ အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ နှစ်အတွင်းက အမေရိကန်ကိုသွင်းကုန်ရဲ့ ၄၀ ရာခိုင်နှုန်းကျော်ရှိနေတာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ကျောက်မီးသွေး၊ စိုက်ပျိုးရေးသုံး ယန္တရားအပါအဝင် အမေရိကန်ထုတ်ကုန်တွေအပေါ် အခွန်ကောက်ခံပြီး အမေရိကန်ကို လက်တုံ့ပြန်ခဲ့ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာလည်း တိုင်ကြားခဲ့ပါတယ်။