အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန် ၁၄၅ ရာခိုင်နှုန်းကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်က တရုတ်ဘက်ကို ချည်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မေ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ တရုတ်အနေနဲ့လည်း အမေရိကန်နဲ့ ဆွေးနွေးဖို တံခါးဖွင့်ထားပြီး အမေရိကန်အနေနဲ့ တစ်ဖက်သတ် အကောက်ခွန်တွေကို ပယ်ဖျက်သင့်တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဝါရှင်တန်အနေနဲ့ စေ့စပ်ညှိနှိင်းမှုတွေမှာ “ ရိုးသားမှု” ကို ပြဖို လိုအပ်တယ်လိုလည်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ တစ်ဖက်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးနဲ့ အိမ်ဖြူတော် စီးပွားရေးအကြံပေး အပါအဝင် အမေရိကန် အရာရှိတွေကလည်း ကုန်သွယ်ရေးတင်းမာမှုတွေကို ဖြေလျှော့နိုင်ဖိုအတွက် မျှော်လင့် ထားတယ်လို ပြောထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တရုတ်နိုင်ငံနဲ့ သဘောတူညီချက်တစ်ခု ဆောင်ရွက်နိုင်ဖို အခွင့် အလမ်းကောင်းရှိမယ်လို ယုံကြည်ကြောင်း ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ ပြောခဲ့ဖူးပါတယ်။ ရိုက်တာသတင်းရဲ့ ဖော်ပြ ချက်အရ တရုတ်ကလည်း အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကို လက်တုံပြန်ဖိုအတွက် ဆေးဝါးတွေ၊ မိုက်ခရိုချစ်ပ် တွေနဲ့ ဂျက်အင်ဂျင်တွေအပါအဝင် အမေရိကန်ထုတ် ကုန်စည်အချိုကို အကောက်ခွန် ၁၂၅ ရာခိုင်နှုန်း စည်းကြပ် ဖို ပြင်ဆင်နေတယ်လို သိရပါတယ်။