ကမ္ဘာ့ဈေးကွက်နဲ့နိုင်ငံတကာကုန်စည်ထောက်ပံရေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ ပြင်းထန်တဲ့ ကုန်သွယ်ရေးစစ်ပွဲကို ယာယီရပ်ဆိုင်းပြီးတဲ့နောက်ပိုင်း တရုတ်နဲ့အမေရိကန်တို့ဟာ ရက် ၉၀ ကြာ စည်းကြပ်ခွန် တိုးမြှင့်မှုကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း CNA သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဂျနီဗာမြို့မှာ ကျင်းပပြီး အရေးပါတဲ့ဆွေးနွေးပွဲတွေကနေ ပေါ်ထွက်လာတဲ့ သဘောတူညီချက်အရ အဆမတန်များပြားတဲ့ စည်းကြပ်ခွန်တွေကို အကြီးအကျယ် လျှော့ချပေးဖို့ အမေရိကန်အစိုးရနဲ့တရုတ်အစိုးရတို့က သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။တရုတ်နိုင်ငံနဲ့ ခိုင်မာအားကောင်းတဲ့ ကုန်သွယ်ရေးသဘောတူညီမှုအတွက် အသေးစိတ်အစီအစဉ်ကို ရရှိထားပြီ ဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အင်တာဗျုးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံလုံးအတွက် ခိုင်မာအားကောင်းမှုကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်သလို တရုတ်နိုင်ငံကို လမ်းဖွင့် ပေးတာဖြစ်တယ်လို့လည်း သမ္မတဒေါ်နယ်ထရမ့်က ပြောခဲ့ပါသေးတယ်။