အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ခွန် ၄၄ ရာခိုင်နှုန်းအထိ တိုးကောက်မှုအပေါ် မပြု လုပ်သင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းမှုမှာ ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

မြန်မာနဲ့ အမေရိကန် ကုန်သွယ်ရေးဟာ ကြီးကြီးမားမား မရှိဘဲ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဒေါ်လာသန်း ၉၀၀ လောက်ပဲ ကုန်သွယ်မှု ရှိကာ တချိုနှစ်တွေမှာ မြန်မာနိုင်ငံက ပိုတာ များပြီး တချိုနှစ်တွေမှာတော့ အမေရိကန်နိုင်ငံက ပိုတာ များတယ်လို ဆိုပါတယ်။အမေရိကန်နိုင်ငံရဲ့ အခွန်တိုးကောက်မှုဟာ မိမိတစ်နိုင်ငံတည်း မဟုတ်ဘဲ သူ့ရဲ့ တခြားမိတ်ဆွေ နိုင်ငံတွေအပေါ် ကောက်တာ ရှိသလို တရုတ်နိုင်ငံအပေါ်လည်း တော်တော်လေး ကောက်တာ ရှိတယ်လို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

မိမိတို ဖွံဖြိုးဆဲနိုင်ငံတစ်ခုအပေါ် အခွန်တိုးကောက်တာ မလုပ်သင့်ဘူးလို ယူဆပြီး ဘာကြောင့် ကောက် လဲဆိုတဲ့အပေါ် အသေးစိတ် ပြန်စဉ်းစားဖို လိုတယ်လိုလည်း ဆိုပါတယ်။ဒါ့အပြင် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ငလျင်ဘေးနဲ့ ပတ်သက်ပြီး ဒေါ်လာ ၉ သန်း အကူအညီပေးမယ်လို ကြေညာခဲ့တာ ရှိပြီး ဘယ်လို ပေးမလဲဆိုတာတော့ မသိရသေးဘဲ ကုလသမဂ္ဂကတစ်ဆင့် ပေးမှာလား ဒါမှမဟုတ် အာဟစင်တာ (AHA Centre) ကနေ တစ်ဆင့်ပေးမလား မသိရသေးဘူးလိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ဖြေကြားခဲ့ပါတယ်။