အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ဟာ လာမယ့်ဆယ်နှစ်အတွင်း အမေရိကန်ရဲ့စွမ်းအင်ကဏ္ဍတွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၄၀ အထိ ရင်းနှီးမြှုပ်နှံသွားဖို အစီအစဉ်ရှိတယ်လို CNA သတင်းမှာ ဖော်ပြထား ပါတယ်။ ဒါဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ပင်လယ်ကွေ့ခရီးစဉ်ကနေ ရယူနိုင်ခဲ့တဲ့ ကြီးမားတဲ့ စီးပွားရေး သဘော တူညီချက်လည်း ဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ရဲ့ ခရီးစဉ်အတွင်းမှာ ယူအေအီး၊ အော်ဒီအာရေဗျနဲ့ ကာတာနိုင်ငံတွေကနေ အမေရိကန် ဘက်ကို ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်တွေ ပေးခဲ့တယ်လို သိရပါတယ်။ယူအေအီးဟာ အမေရိကန်ရဲ့ စွမ်းအင်ကဏ္ဍတွေမှာ လက်ရှိ အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ရင်းနှီးမြှုပ်နှံထားပြီး ၂၀၃၅ မှာ ဘီလီယံ ၄၄၀ အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံသွားဖို စီစဉ်ထားပြီး ယူအေအီးနဲ့အမေရိကန်ကြားက ဒီသဘော တူညီချက်ဟာ နိုင်ငံတကာစွမ်းအင်လုံခြုံရေးနဲ့ ဈေးကွက်တည်မြဲရေးအတွက် များစွာ အထောက်အကူဖြစ်စေ တယ်လို ယူအေအီး ADNOC ရေနံကုမ္ပဏီ စီအီးအို အယ်လ်ဂျာဘာက ပြောပါတယ်။ အမေရိကန် စွမ်းအင်လုပ်ငန်း တွေကလည်း ယူအေအီးမှာ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တယ်လို ဆိုပါတယ်။

ယူအေအီးဘက်က ရင်းနှီမြှုပ်နှံမယ့် ဒေါ်လာဘီလီယံ ၄၄၀ ဟာ အမေရိကန်ဘက်ကို ကတိကဝတ်ပြုခဲ့တဲ့ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်လို သိရပါတယ်။ ဒီအစီအစဉ်ကြောင့် ယူအေအီးဟာ အမေရိကန်စီးပွားရေးမှာ လက်ရှိရင်းနှီးမြှုပ်နှံထားပြီးသား ကဏ္ဍတွေဖြစ်တဲ့ အေအိုင်အခြေခံအဆောက်အုံ၊ လျှပ်ကူးပစ္စည်း၊ စွမ်းအင်နဲ့ ကုန်ထုတ်လုပ်ရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ တိုးမြှင့်လာဖွယ်ရှိတယ်လို အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။