အမေရိကန်ဒုသမ္မတနဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီချက်တွေ ရရှိမှုအပေါ် ဂုဏ်ပြုကြောင်း အိန္ဒိယသတင်းဌာနတွေမှာ ဖော်ပြထားတာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါ တယ်။

အမေရိကန်ဒုတိယသမ္မတဂျေဒီဗန့်ဟာ မိသားစုနဲ့အတူ လေးရက်တာ ခရီးစဉ်အတွက် ဧပြီလ ၂၁ ရက် အစော ပိုင်းက အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။။ဒုသမ္မတဂျေဒီဗန့်နဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေက စွမ်းအင်၊ ကာကွယ်ရေးနဲ့ ဗျူဟာမြောက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် ဖို့အတွက် ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။

နယူးဒေလီအနေနဲ့ အမေရိကန်ရဲ့အခွန်စည်းကြပ်မှုတွေကို ရှောင်ရှားဖို့အပြင် ဝါရှင်တန်နဲ့ နှစ်နိုင်ငံကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ဂျေဒီဗန့်ရဲ့ အိန္ဒိယခရီးစဉ်မှာ သူ့ဇနီးနဲ့အတူ သားသမီးတွေပါ အတူလိုက်ပါလာတာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အိန္ဒိယမှာရှိတဲ့ သမိုင်းဝင်နေရာတွေကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။