အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုသီတင်းပတ်ကုန်အတွင်း အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ် ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မေလ ၈ ရက်က ပြောကြားခဲ့တာကို USA Today news မှာ ဖော်ပြပါရှိပါတယ်။ ဆွေးနွေးမှုအတွင်း ဘေကျင်းအပေါ် ဒဏ်ခတ်ချမှတ်ထားတဲ့ သွင်းကုန်ခွန် ၁၄၅ ရာခိုင်နှုန်းကို လျှော့ချသွားနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

အခွန်ကောက်ခံတဲ့အပေါ် နှစ်လကျော်ကြာညှိနှိုင်းမှု တိုးတက်မှုမရှိခဲ့တဲ့ နှစ်နိုင်ငံအရေးကို ဆွေးနွေးဖို့အတွက် ဆွစ်ဇာလန်ကို ထိပ်တန်းအရာရှိတွေ စေလွှတ်ထားတယ်လို့ ထရမ့်က ကြေညာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘဏ္ဍာရေးစျေးကွက်တွေနဲ့ မဟာမိတ်နိုင်ငံတွေအကြား ကုန်သွယ်ရေးစစ်ပွဲကို ဖြေလျှော့ဖို့အတွက် နိုင်ငံအများစု အပေါ် အပြန်အလှန်အခွန်စည်းကြပ်မှုတွေ ခေတ္တရပ်ပြီးနောက် ထရမ့်အစိုးရအဖွဲ့က ကုန်သွယ်ရေးသဘောတူညီ ချက် အများအပြားကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမေရိကန်က ကမ္ဘာ့စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းဖို့ ကြိုးပမ်းအား ထုတ်နေပြီး ကောင်းမွန်တဲ့ အရိပ်လက္ခဏာဆောင်ကြဉ်းနိုင်ဖို့အတွက်လည်း အင်တိုက်အားတိုက် ဆောင်ရွက် နေတာကို တွေ့ရပါတယ်။အိမ်ဖြူတော်မှာ ပြုလုပ်ခတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့မှတ်ချက်တွေက ကမ္ဘာ့အကြီးဆုံး စီးပွားရေး နှစ်နိုင်ငံကြား တင်းမာမှု နောက်ဆုံးလက္ခဏာကို ကိုယ်စားပြုပြီး အခွန်နဲ့ကုန်သွယ်ရေး အကျပ်အတည်း ဖြစ်နေတဲ့ အခြေအနေမှာ ရှိနေတာကို ဖော်ပြနေပါတယ်။