အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါသံမဏိနဲ့ သတ္တုတင်သွင်းမှုအပေါ် စည်းကြပ်ခွန်နှစ်ဆတိုးကောက်မယ့် အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။ဒါဟာ အမေရိကန်အနေနဲ့ ကနေဒါကို ကုန်သွယ်ရေးစစ်ပွဲ ကြေညာလိုက်သလို ဖြစ်သလို သံမဏိနဲ့ သတ္တုတင်သွင်းမှုအပေါ် အခွန်ကောက်ခံမှု ၅၀ ရာခိုင်နှုန်းအထိမြှင့်တင်လိုက်တာကြောင့် များစွာအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို ခန့်မှန်းမှုတွေရှိနေတာလည်းဖြစ်ပါတယ်။

ထရမ့်ရဲ့ အခုလို အခွန်နှစ် ဆ တိုးမြှင့်ကောက်ခံမှုဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် များစွာ စီးပွားရေးထိခိုက်မှုဖြစ်စေမယ့် ကုန်သွယ်ရေးစစ်ပွဲတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ အစောပိုင်းကာလက ကနေဒါသံမဏိနဲ့ သတ္တုတင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှုကို လက်ရှိမှာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံလိုက်တာကြောင့် အမေရိကန်နဲ့ကနေဒါအကြား အငြင်ပွားစရာတွေ တိုးမြှင့်လာနိုင်ပါတယ်။ကနေဒါနိုင်ငံ အွန်တဲရီယို(Ontario)ပြည်နယ် ခေါင်းဆောင်က အမေရိကန် ကိုရောင်းချနေတဲ့ လျှပ်စစ်ဓာတ်အား တန်ဖိုးကို နောက်ထပ် ၂၅ရာခိုင်နှုန်း အထိ ထပ်တိုးမယ့်အကြောင်း ပြောဆိုလိုက်ပြီးနောက်မှာ ကနေဒါရဲ့ သံမဏိနဲ့ သတ္တု အပေါ် အမေရိကန်က သွင်းကုန်ခွန် ၂၅ရာခိုင်နှုန်း ကောက်ယူမှုကနေ ၂ ဆ တိုးပြီး ၅၀ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံတော့မှာ ဖြစ်ပါတယ်။

ကနေဒါဟာ ကမ္ဘာပေါ်မှာ သွင်းကုန်ခွန် အများဆုံးကောက်တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ကြောင်း သမ္မတ ထရမ့်က မှတ်ချက်ပြုပြောကြားထားပါတယ်။ ကနေဒါအစိုးရအနေနဲ့ အမေရိကန်ရဲ့ နိုထွက်ပစ္စည်း အများအပြားအပေါ်မှာ သွင်းကုန်ခွန် ၂၅၀ရာခိုင်နှုန်း ကနေ ၃၉၀ရာခိုင်နှုန်းအထိ ကောက်ခံနေတာကို ချက်ချင်း ရပ်ရမယ်လို့လည်း သမ္မတထရမ့် က တောင်းဆိုထားပါတယ်။