၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံကို ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ဖို့ ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သိရပါတယ်။ ဒီလိုဝင်ရောက်ရာမှာ SITC SHIPPING LINE က သင်္ဘော ၁၀ စင်းနဲ့ အများဆုံး ဝင်ရောက်မှာဖြစ်ပြီး COSCO SHIPPING LINE က သင်္ဘော ၈ စင်း ၊ SAMUDERA SHIPPING LINE က သင်္ဘော ၆ စင်းနဲ့ MAERSK A/S သင်္ဘော လိုင်းတွေက ၅ စင်း ဝင်ရောက်မှာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲကတော့ ကုန်သေတ္တာတင်သင်္ဘော ၆၂ စင်း ဝင်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကနေ ပင်လယ်ရေကြောင်းကတစ်ဆင့် အထည်အလိပ်ကုန်ကြမ်းတွေနဲ့ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းနေပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နဲ့ သစ်တောထွက်ပစ္စည်းတွေ ပြန်တင်ပို့နေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံကို ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၆၂၉ စင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ထဲမှာတော့ ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၆၃၃ စင်း ဝင်ရောက်ခဲ့ပါတယ်။