အခု ၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်-တရုတ် နှစ် ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားကြောင်း တရုတ် စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရုတ်ဟာ ဗီယက်နမ်ရဲ့ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစကာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ဗီယက်နမ်က အဓိကတင်ပို့နေတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ သီဟိုဠ်စေ့၊ ကော်ဖီ၊ လက်ဖက်၊ ဆန်၊ ရော်ဘာနဲ့ ပီလောပီနံတို့ ဖြစ်ပြီး ဆန်နဲ့ ကော်ဖီတင်ပို့မှုက ပမာဏ အများဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီလအတွင်းက ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ တရုတ်-ဗီယက်နမ် စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှာ ရေရှည်တည်တံ့ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ တရားဥပဒေကြောင်းအရ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။