နစကဥက္ကဋ္ဌ နိုင်ငံတောဝန်ကြီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားဖက်ဒေးရေးရှင်းနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ပတ်သတ်ပြီး အခွင့်အလမ်းများ များစွာဖော်ဆောင်နိုင်ခဲ့တဲ့အတွက် မကြာမီမှာ အရှိန်အဟုန်နဲ့ အောင်ဖြစ်ထွန်းလာမှာဖြစ်တယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊

မတ်လ ၁၁ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ ကျင်းပတဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊ထားဝယ်အထူးစီးပွားရေးဇုန်အနေနဲ့ မကြာမီမှာအောင်ဖြစ်ထွန်းလာမှာဖြစ်တဲ့အတွက် အခုအချိန်ကတည်းကပင် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေ စိတ်ချမ်းသာစွာနဲ့ လုပ်ငန်းတွေ အဆင်ပြေချောမွေ့လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်ထားကြဖို့ လိုတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊ဒါ့အပြင် အထူးစီးပွားရေးဇုန်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် ချမှတ်ဆောင်ရွက်နေပြီး အဲ့ဒီလိုဆောင်ရွက်ရာမှာ MSME လုပ်ငန်းဟာ အဓိကပါဝင်နေသလို အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့အတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊