ပြည်တွင်းရှိစက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့နဲ့ ဘိလပ်မြေစက်ရုံတွေ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရေးအတွက်လိုအပ်တဲ့ စက်မှုကုန်ကြမ်းဖြစ်တဲ့ ကျောက်မီးသွေးကို ပြည်ပကနေတင်သွင်းခွင့်ပြုမယ်လို့သတင်းထုတ်ပြန်ပါတယ်။

ကျောက်မီးသွေးကို အခုဖေဖော်ဝါရီလကစပြီး တင်သွင်းခွင့်ပြုမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ဘိလပ်မြေစက်ရုံတွေ သွင်းကုန်လိုင်စင်လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ပြည်ပကနေ တင်သွင်းခွင့်ပြုထားတဲ့ ဘိလပ်မြေတွေလည်း အခုဖေဖော်ဝါရီလအတွင်း ရောက်ရှိမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။