ဇူလိုင်လ ၂ ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗီယက်နမ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ကြေညာခဲ့ပြီး ဒီသဘောတူညီချက်အရ အမေရိကန်ထုတ်ကုန်တွေဟာ ဗီယက်နမ်ကို အခွန်မဲ့ တင်သွင်းလို့ရတော့ မှာ ဖြစ်ပါတယ်။ဗီယက်နမ်ထုတ်ကုန်တွေကတော့ အမေရိကန်ကို တင်သွင်းတဲ့အခါ အခွန် ၂၀ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်က ဗီယက်နမ်သွင်းကုန်တွေကို အခွန် ၄၆ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဧပြီလက ကြေညာခဲ့ပေမဲ့ ညှိနှိုင်းဖို့ အတွက် ရက် ၉၀ ဆိုင်းငံ့ပေးခဲ့တာပါ။ ဗီယက်နမ်က ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ စိတ်အား ထက်သန်နေ တယ်လို့ ယူဆကြပါတယ်။ တရုတ်ရဲ့ အခွန်ရှောင်ဖို့ ကြိုးပမ်းမှုတွေကြောင့် ဗီယက်နမ်ကနေ အမေရိကန်ကို တစ်ဆင့်ခံပို့ဆောင်တာနဲ့ ဝင်ရောက်တဲ့ ကုန်ပစ္စည်းတွေကိုတော့ ၄၀ ရာခိုင်နှုန်း အခွန်တင်းကျပ်မယ်လို့ ထရမ့်က ပြောပါတယ်။ “ဒီနည်းလမ်း အဆင်ပြေမပြေ ဆိုတာကတော့ တစ်ဆင့်ခံပို့ဆောင်တဲ့ကုန်ပစ္စည်းတွေကို ဘယ်လိုသတ်မှတ်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာပေါ် မူတည်တယ်။ လိမ်လည်မှုတွေလည်း ရှိနိုင်တဲ့အတွက် ရှုပ်ထွေးနိုင်တယ်” လို့ ကျွမ်းကျင်သူတစ်ယောက်က ပြောကြားထားပါတယ်။