အမေရိကန်နိုင်ငံသား သန်း ၁၇၀ အသုံးပြုနေတဲ့ တရုတ်အခြေစိုက် TikTok ကို ဇွန်လ ၁၉ ရက် နောက်ဆုံးထား ပြီး ပိုင်ဆိုင်မှုရှယ်ယာတွေ ရောင်းချဖို့ ဒါမှမဟုတ် ခွဲထုတ်ဖို့ ညွှန်ကြားထားပြီး သဘောတူညီချက်မရရင် သက်တမ်း တိုးပေးမယ်လို့ ထရမ့်က ပြောကြားလာပါတယ်။ တရုတ်ပိုင် TikTok ရောင်းချမယ့်အရေးနဲ့ပတ်သက်လို့ အမေရိ ကန်ပြည်ထောင်နဲ့ TikTok မိခင်ကုမ္ပဏီ Bytedance တို့အကြား စစ်ခင်းနေကြတာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

TikTok က အလွန်စိတ်ဝင်စားစရာကောင်းပေမယ့်လည်း တရုတ်ပိုင်ဖြစ်နေတာကြောင့် နိုင်ငံ့ လုံခြုံရေးအတွက် အကာအကွယ်မပေးနိုင်မှာကို စိုးရိမ်လို့ အခုလို TikTok ရောင်းချမယ့်အရေး ထရမ့်က အားသွန် ခွန်စိုက် ကြိုးပမ်းနေတာဖြစ်ပါတယ်။ဇန်နဝါရီလကတည်းကစပြီး TikTok ကို အမေရိကန် ကွန်ဂရက်လွှတ်တော်က တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပေမဲ့ ထရမ့်က နှစ်ကြိမ်တိုင် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတာဖြစ်ပါတယ်။ ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက် ပြီး ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တွေက သက်တမ်းတိုးဖို့အတွက် တရားဝင် လုပ်ပိုင်ခွင့် မရှိဘူးလို့ ငြင်းခုံခဲ့ကြပြီး ထည့်သွင်းစဉ်းစားထားတဲ့ သဘောတူညီချက်က ဥပဒေသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိဘူး လို့လည်း ပြောကြားထားပါတယ်။