ရန်ကုန်မြို့ Yangon Convention Center မှာ Thai Expo Yangon 2024 ကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ စတင် ကျင်းပခဲ့ပါတယ်။

အဲဒီပြပွဲကို နိုဝင်ဘာလ ၆ ရက်ကနေ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး ပြပွဲအမျိုးအစားကတော့ Business to Business ၊ Business to Consumer နဲ့ Free Entry အမျိုးအစား ဖြစ်ပါ တယ်။

ဒီပြပွဲမှာ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေရဲ့ ပြခန်းတွေ ပါဝင်ပြသရောင်းချနေပြီး ဆိုင်ခန်းပေါင်း ၁၃၅ ခန်း ရှိပါတယ်။မြန်မာနိုင်ငံမှာ အရင်က Thai Expo ပြပွဲတွေကို ထိုင်းသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အခုပြုလုပ်တဲ့ Thai Expo Yangon 2024 ကတော့ ပထမဆုံးအကြိမ် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

အခုလိုပြပွဲတွေကို ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးတွေမှာလည်း နှစ်စဉ်ပြုလုပ်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။