Galaxy G Fold လို့ နာမည်ပေးထားတဲ့ သုံးခေါက်ချိုးဖုန်းကို Samsung က မိတ်ဆက်လာဖွယ်ရှိနေပြီး ခန့်မှန်းခြေ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၃၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောကြားထားတာကို ကိုးကားကို Tech explorers သတင်းမှာ ဖော်ပြထားပါတယ်။

ဈေးကွက်ထဲ S25 Edge ရောက်ရှိလာပြီးနောက် အခုတော့ Tri-Fold ဘက်ကို ပြန်လှည့်လာတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Tipster တစ်ဦးဖြစ်တဲ့ Yogesh Brar က Samsung ရဲ့ သုံးခေါက်ချိုးဖုန်းဟာ စက်တင်ဘာလမတိုင်ခင် ထပ်မံမိတ်ဆက်လာနိုင်ခြေရှိတယ်လို့ ပြောကြားထားပါတယ်။Samsung ကုမ္ပဏီက သုံးခေါက်ချိုးဖုန်းကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်မယ့်အပြင် တရုတ်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံမှာသာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Samsung ရဲ့ သုံးခေါက်ချိုးဖုန်းဈေးနှုန်းက ဒေါ်လာ ၃၀၀၀ ဝန်းကျင် ဒါမှမဟုတ် ဒေါ်လာ ၃၀၀၀ ထက် ကျော်နိုင်တာကြောင့်လည်း ဝယ်ယူသူနည်းပါးနိုင်တဲ့အတွက် အကန့်အသတ်နဲ့သာ ရောင်းချနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။