ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ သုံးဘီးယာဉ်နဲ့ ဝန်ဆောင်မှု ပေးတာတွေကို ယာဉ် အစီးရေ ၉၀ ကျော်နဲ့ စတင်သွားလာနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။သွားလာရာမှာ အဆင်ပြေသလို လုံခြုံစိတ်ချရတဲ့ ဝန်ဆောင်မှုတွေရရှိဖို့ App ကတစ်ဆင့် ခေါ်ယူငှားရမ်း စီးနင်း နိုင်မှာ ဖြစ်တယ်လို့ Maxride Application ရဲ့ တာဝန်ရှိသူ ဦးနိုင်ဦးဝေက ပြောပါတယ်။

လက်ရှိမှာတော့ သန်လျင်မြို့နယ်အတွင်းမှာ ယာဉ်အစီးရေ ၉၈ စီးနဲ့ စတင်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး အခြား ၁၃ မြို့နယ်မှာလည်း အခုလို ဝန်ဆောင်မှုပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်သလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ မှာလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။အချို့ခရီးသည်နဲ့ အငှားယာဉ်မောင်းတွေကြား အပြန်အလှန် လုံခြုံစိတ်ချရတာမျိုး မရှိဘဲ လုယက်တာတွေ ရှိနေ တဲ့အတွက် ဒီလိုအန္တရာယ်တွေက ကာကွယ်နိုင်ဖို့ App ကတစ်ဆင့် ယာဉ်မောင်းတွေရဲ့ အချက်အလက်တွေကို စနစ်တကျ ဆောင်ရွက်ထားတယ်လို့ ဦးနိုင်ဦးဝေက ဆက်ပြောပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ သုံးဘီးအငှားယာဉ် အသုံးပြုသွားလာရာမှာ ပစ္စည်း၊ ဖုန်းနဲ့ အခြားအရေးကြီး စာရွက် စာတမ်းတွေ ကျန်ခဲ့တာကအစ ပိုင်ရှင်လက်ဝယ် ပြန်လည်ရရှိနိုင်မယ့် လုံခြုံမှု စနစ်ကောင်းတွေနဲ့ ဆောင်ရွက် ထားတာဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအပေါ် စိတ်ဝင်စားမှုနဲ့ နည်းပညာအသုံးချမှုတွေကို တိုးမြှင့်ဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။