မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်မှာ စီးပွားရေးဆိုင်ရာနားလည်မှုစာချွန်လွှာ(၈)ခုနဲ့ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ(၆)ခု စုစုပေါင်း (၁၄)ခု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောပါတယ်။မတ်လ၆ရက်၊ ဒေသစံတော်ချိန်ညပိုင်းက ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Prisedent Hotelမှာကျင်းပတဲ့ မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်မှာ ONE NEWS ရဲ့သီးခြားမေးမြန်းမှုအပေါ်အခုလိုပြောကြားလိုက်တာပါ။

UMFCCI နဲ့ BelCCI တို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တဲ့အထဲမှာ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ ထွန်စက်ထုတ်လုပ်ရေး၊ ထရက် တာတွေထုတ်လုပ်ရေး၊ နို့နဲ့နို့ထွက်ပစ္စည်းထုတ်လုပ်ရေး၊ ဒိန်ခဲနဲ့ချိစ်တွေထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်လုပ်ရေး အစရှိတာတွေအပါအဝင် စီးပွားရေးဆိုင်ရာလုပ်ငန်း(၈)မျိုးနဲ့ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (၆)ခုတို့ပါဝင်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတို့ဟာ ၁၉၉၉ခုနှစ်ကထဲက သံတမန်ဆက်သွယ်ရေးစခဲ့ရာမှာ အခုဆိုရင်(၂၅) နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အဲဒီ(၂၅)နှစ်တာကာလအတွင်း လက်ရှိကာလဟာ အအောင်မြင်ဆုံးနဲ့ ပူးပေါင်းဆောင် ရွက်မှုအလုပ်နိုင်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဖိုရမ်မှာ ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သလို ဘီလာ ရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာယူရီရှူလိုင်ကိုကလည်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် (UMFCCI)နဲ့ ဘီလာရုစ်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (BelCCI)တို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။