မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် ဖိုရမ်ကို ဇွန် ၅ ရက်က မန္တလေးမြို၊ အမရပူရမြိုနယ်ရှိ တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရုံး ခန်းမမှာ ကျင်းပပါတယ်။ ဖိုရမ်ကိုတော့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲဝင်တွေ၊ မန္တလေးမြိုအခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ် မစ္စ ကောင်းဖျင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တရုတ်ကောင်စစ်ဝန်ချုပ်တိုက တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး (၇၅)နှစ်တာ ကာလကစပြီး နောင်နှစ်ပေါင်းများစွာ ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး ကဏ္ဍပေါင်းစုံ မှာ ပူးပေါင်းမှုတိုးမြှင့်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှုနဲ့ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးတိုကို ဆက်လက်တိုးမြှင့်သွား မှာ ဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် မိသားစုဝင်လို သဘောထားပြီး ခင်မင်ရင်းနှီးတဲ့ မိတ်ဖက်နဲ့ ကောင်းမွန်တဲ့ အိမ်နီးချင်းအဖြစ် အစဉ်သဖြင့် ရှုမြင်တယ်လို မန္တလေးမြိုအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် မစ္စ ကောင်းဖျင်က ပြောပါတယ်။ ဆက်လက်ပြီး မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်နိုင်ဖို မန္တလေးမြို ပြည်သူ့ဆေးရုံကြီး ပြန်လည် ပြုပြင်ရေးအတွက် ကျပ်သိန်း ၁၆၀၀ နဲ့ မန္တလေးမြို ဇီဝိတဒါန သံဃာ့ဆေးရုံပြီး ပြန်လည်ပြုပြင်နိုင်ဖို ကျပ်သိန်း ၁၄၀၀ တိုကို မန္တလေးမြိုအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၊ South-East Asia Crude Oil Pipeline Co.,Ltd (SEAOP) နဲ့ Myanmar Conch Cement Co.,Ltd တိုက လှူဒါန်းမှုခဲ့ကြရာ တာဝန်ရှိသူတွေက လက်ခံရယူခဲ့ပါ တယ်။

အဲဒီနောက် နှစ်နိုင်ငံ နားလည်မှု သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာနဲ့ တရုတ် ဆက်ဆံ ရေးဟာ ရှေ့လျှောက် ပိုမိုကောင်းမွန်လာမယ်လို မျှော်လင့် ယုံကြည်တယ်လိုလည်း မန္တ လေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။ အဲဒီနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ကောင်စစ်ဝန်ချုပ် တိုက မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှု တွေအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ လုပ်ငန်းရှင်တွေကို မှတ်တမ်းတင် ဂုဏ်ပြုလွှာတွေ ပြန်လည်ချီးမြှင့် ခဲ့တယ်လို သိရပါတယ်။