မြန်မာနဲ့ ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) အဖွဲဝင် နိုင်ငံတွေအကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် နဲ့ ဥရောပ-အာရှ စီးပွားရေး ကော်မရှင် ဘုတ်အဖွဲ (EAEU) ဥက္ကဋ္ဌ မစ္စတာ ဘာကစ်ဇန် အဘ်ဒီရိုဗစ်ခ်ျ ဆာဂင့်တေးယပ် တို တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ဇွန်လ ၂၆ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြိုရှိ Minsk International Exhibition Center (BELEXPO) မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အခု တွေ့ဆုံဆွေးနွေးမှုက တစ်ဆင့် မြန်မာနိုင်ငံ နဲ့ ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) အဖွဲဝင် နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ပြောပါတယ်။မြန်မာနိုင်ငံ နဲ့ EAEU တိုအကြား (၂၀၂၃) ခုနှစ်မှာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို ဆိုပါတယ်။အဲဒီအပြင် (၂၀၂၃) ခုနှစ်၊ ဇွန်လမှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြိုမှာ မြန်မာနိုင်ငံ နဲ့ ဥရောပ-အာရှ စီးပွားရေး ကော်မရှင် (EEC) တို အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ပြောပါတယ်။မြန်မာနိုင်ငံအနေနဲ့ EAEU မှာ လေ့လာတဲ့ အဆင့် သာမကဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာ ကျယ်ပြန့်စေရေး ဆောင်ရွက်သွားမယ်လိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နဲ့ ဥရောပ-အာရှ စီးပွားရေး ကော်မရှင် ဘုတ်အဖွဲ ဥက္ကဋ္ဌ တိုဟာ မြန်မာနိုင်ငံ နဲ့ (EAEU) အဖွဲဝင် နိုင်ငံတွေအကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ရေး၊ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍ၊ သယ်ယူပိုဆောင်ရေး ကဏ္ဍ၊ သတ္တုတူးဖော်မှု ဆိုင်ရာ နည်းပညာမြှင့်တင်ရေး နဲ့ စွမ်းအင် ကဏ္ဍမြှင့်တင်ရေးတိုမှာ နည်းပညာပိုင်းဆိုင်ရာ ယာဉ်ယန္တရားပိုင်း ဆိုင်ရာတွေမှာ ကူညီဆောင်ရွက် ပေးနိုင်မယ့် ကိစ္စရပ်တွေ မြန်မာနိုင်ငံကို ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) ရဲ့ လေ့လာသူနိုင်ငံအဆင့်အထိ တက်လှမ်းနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းတွေကို ဖော်ဆောင်ပေးနိုင်မယ့် ကိစ္စရပ်တွေ နဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ပါတယ်။