မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ မိသားစုဝင်တွေအနေနဲ့ ဗီဇာသက်တမ်း ၅ နှစ်ရှိတဲ့ အာဆီယံဗီဇာ လျှောက် ထားနိုင်တယ်လို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ သူတိုရဲ့ အိမ်ထောင်ဖက်၊ သားသမီးတွေက အာဆီယံဗီဇာကို လျှောက်ထားနိုင်တာ ဖြစ်တယ်လို ဆိုပါတယ်။

အာဆီယံဗီဇာဟာ အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်တဲ့ (Multiple Entry) နဲ့ အရှည်ဆုံး ဗီဇာသက်တမ်း ၅ နှစ်ထိ၊ အရှည်ဆုံး နေထိုင်ခွင့်ကာလ ရက် (၁၈၀) ရှိပြီး လာမယ့် ဇွန် ၉ ရက်ကစပြီး စိစစ်ခွင့်ပြုသွားမယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အာဆီယံဗီဇာလျှောက်ထားလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နဲ့ မန္တလေးအခြေစိုက် ကောင်စစ်ဝန်ချုပ် ရုံးတွေကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်တယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။တရုတ်နိုင်ငံက အာဆီယံနိုင်ငံ ၁၀ နိုင်ငံ နဲ့ အရှေ့တီမောနိုင်ငံအတွက် အာဆီယံဗီဇာ စတင်ထုတ်ပေးသွားမယ်လို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန်းက ဇွန် ၃ ရက်က ပြောကြားခဲ့ပါတယ်။