မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုတွေအတွက် မီးနဲ့မြေငလျင်ဘေးဒဏ် အာမခံလျော်ကြေး ကျပ် ၄ ဘီလီယံခွဲကျော်ကို ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်။

အဲဒီငွေပမာဏဟာ စိစစ်တွက်ချက်ပြီးတဲ့ မီးနဲ့မြေငလျင်ဘေးဒဏ် အာမခံလျော်ကြေး အစောင်ရေ (၅၀)ကျော် အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးငွေကျပ် ၄ ဒသမ ၆၈၀ ဘီလီယံဖိုး ပေးလျော်ခဲ့တဲ့အထဲမှာ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ နေပြည်တော် နဲ့ စစ်ကိုင်းတို့က တင်ပြလာတာတွေကို လျော်ကြေးပေးခဲ့တာလို့ သိရပါ တယ်။လက်ရှိအချိန်ထိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် အာမခံလျော်ကြေး တင်ပြ တောင်းခံ လာတာက အစောင်ရေ (၅၀၀)ကျော် ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အာမခံလုပ်ငန်းအနေနဲ့လည်း တင်ပြတောင်းခံလာတဲ့ အာမခံလျော်ကြေးတွေကို အမြန်ဆုံး ပေးချေနိုင်ဖို့ အတွက် လျော်ကြေးစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ လျော်ကြေးစိစစ်ရေးအဖွဲ့မှာတော့ ထွေအုပ်၊ မီးသတ်၊ မိုးဇလ၊ စည်ပင်နဲ့ မြန်မာ့အာမခံလုပ်ငန်းတို့ ပါဝင်ပြီး သေချာ စိစစ်ကာ ငါးရက်အတွင်း လျော်ကြေးတွေ ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။