တရုတ်နိုင်ငံရှိ အချမ်းသာဆုံးသူဌေး ၅ ယောက်စာရင်းမှာ Xiaomi CEO ပါဝင်လာကြောင်း The verge သတင်း မှာ ရေးသားထားပါတယ်။ Xiaomi CEO Lei Jun ဟာ ၂၀၁၀ ပြည့်နှစ်မှာ Xiaomi ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အခုဆိုရင် Xiaomi ဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် တည်ရှိနေပြီဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီအောင်မြင်လာသလို CEO Lei Jun ရဲ့ ကြွယ်ဝချမ်းသာမှုဟာလည်း တိုးတက်လာပါတယ်။ Lei Jun ဟာ ၂၀၂၄ ခုနှစ် ဧပြီလမှာ ဒေါ်လာ ၁၀ ဒသမ ၉ ဘီလီယံသာ ပိုင်ဆိုင်ခဲ့ပေမဲ့ အခုတော့ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃၅ ဒသမ ၃ ဘီလီယံ ရှိလာပြီး တရုတ်ရဲ့ အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၅ နေရာကို ရလာပါတယ်။ Lei Jun ဟာ အခုဆိုရင် အသက် ၅၅ နှစ်ပဲ ရှိသေးပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်းက Xiaomi ရဲ့ ရှယ်ယာတွေ ၂၅၀ ရာခိုင်နှုန်း တိုးတက်လာတာကြောင့် သူဟာ အခုလို ချမ်းသာလာတာပါ။

တရုတ်နိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်က Nongfu Spring ရေသန့်ဘူးကုမ္ပဏီ တည်ထောင်သူ Zhong Shanshan ဖြစ်ပြီး ဒေါ်လာ ၅၄ ဒသမ ၉ ဘီလီယံ ချမ်းသာပါတယ်။ သူ့နောက်မှာ Tencent Holdings သူဌေး Ma Huateng ၊ ByteDance ပူးတွဲ တည်ထောင်သူ Zhang Yiming နဲ့ PDD Holdings တည်ထောင်သူ Colin Huang တို့ရပ်တည်နေတာဖြစ်ပါတယ်။