လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဗီယက်နမ်ရဲ့ တစ်ဦးချင်း ပျမ်းမျှထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး(GDP) က အမေရိကန် ဒေါ်လာ ၁၁၆၀၈ ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ၁၉၈၀ ပြည့်လွန် နှစ်အလယ်ပိုင်းမှာ စတင်ခဲ့တဲ့ Doi Moi ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဗီယက်နမ်ရဲ့စီးပွားရေးက အံ့သြစရာကောင်းလောက်အောင် တိုးတက်လာခဲ့ ပြီး ဆင်းရဲတဲ့အဆင့်ကနေ အလယ်အလတ်အဆင့်ကို အလျင်အမြန် ရောက်လာခဲ့တယ်လို့ VnExpress International သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် လာမယ့် ၂၀၄၅ မှာ ဝင်ငွေမြင့်မားတဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် နှစ်စဉ် တစ်ဦးချင်းဝင်ငွေဟာ ပျမ်းမျှ ၅ ရာခိုင်နှုန်း တိုးမြင့်လာရမှာဖြစ်ပါတယ်။ ဒီအတွက် ကမ္ဘာ့ကုန်သွယ်ရေး၊ သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာမှု၊ အလိုအလျောက်စနစ်နဲ့ ရာသီဥတု ပြောင်းလဲမှုတွေက အဓိက ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။၂၀၂၁ ကနေ ၂၀၃၆ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအဆင့်ဇယားမှာ ဗီယက်နမ်နိုင်ငံရဲ့အဆင့်က ၄၁ ကနေ ၂၀ အထိ မြင့်တက်လာနိုင်ချေရှိတယ်လို့ ဗြိတိန်အခြေစိုက် Center For Economics and Business Research (CEBR)က ခန့်မှန်းထားပါတယ်။