အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသလို ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေထဲမှာ အဓိကပါဝင်နေသူအနေနဲ့ ရှိနေတဲ့ မလေး ရှား ဝန်ကြီးချုပ် အန်နဝါဟာ မလေးရှားရဲ့အခန်းကဏ္ဍကို အသုံးချပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်ခုတည်း ကြီးစိုး နေရာကနေ အင်အားကြီးနိုင်ငံအများအပြားက ညီတူညီမျှ လုပ်ပိုင်ခွင့်အာဏာ မျှဝေပြီး ကမ္ဘာ့စီးပွားရေးလားရာ အပြောင်းအလဲတစ်ခု လုပ်ဆောင်ကြဖို့ တောင်းဆိုထားကြောင်း Malaymail သတင်းမှာ ဖော်ပြထားပါတယ်။

စီးပွားရေးနဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုတွေ ခိုင်မာပြီး မြောက်ပိုင်းနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ခြယ်လှယ်မှုကို မခံရဘဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ဝန်ကြီးချုပ်အန်နဝါဟာ သူသွားခဲ့တဲ့ခရီးစဉ်တွေအတွင်း ကမ္ဘာ့တောင်ပိုင်း က ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပိုမိုပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောကြားခဲ့တာပါ။ဒီမဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မလေးရှားဟာ အခုဆို ဘရစ်အဖွဲ့ရဲ့ ပါတနာကိုးနိုင်ငံထဲမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။ မကြာသေးခင်က သမ္မတပူတင်နဲ့တွေ့ဆုံခဲ့တဲ့ ရုရှားခရီးစဉ်အတွင်းမှာလည်း ပထဝီဝင်နိုင်ငံရေး ပြောင်းလဲမှုတွေ ရှိနေပေမဲ့ မလေးရှားအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ် ဆောင် သွားမယ်လို့ မလေးရှားမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။