တောင်ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကနေတစ်ဆင့် EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် ၁၅၃ ယောက်ကို စေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့၊မြန်မာသံရုံးကထုတ်ပြန်ပါတယ်။
အဲဒီ လုပ်သားသစ်တွေဟာ ဩဂုတ်လ ၇ ရက်က ရန်ကုန်လေဆိပ်ကနေ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ရောက်ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်လုပ်သား ဦးရေခွဲတမ်းရရှိမှုအလိုက် လုပ်သားတွေစေလွှတ်ပေးနေပြီး အခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံကို လုပ်သား ၁၁၀၀၀ ကျော် စေလွှတ်ခွင့်ရရှိထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံကို ၂၀၁၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ EPS စနစ်နဲ့ မြန်မာအလုပ်သမား ၆၅၀၀၀ ကျော် စေလွှတ်နိုင်ခဲ့တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။