၄ နှစ်ကျော်ကာလအတွင်း ပဲခူးတိုင်းဒေသကြီးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ပမာဏက အမေရိကန် ဒေါ်လာ ၂၀၉ သန်းကျော် ဝင်ရောက်ထားတယ်လို့ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇွန်လ ၃ ရက်အထိ ပဲခူးတိုင်းဒေသကြီးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၀၉ ဒသမ ၇၄၈ သန်းနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၉၇ ဘီလီယံကျော် ဝင်ရောက်ထားတာ ဖြစ်ပါတယ်။

၄ နှစ်ကျော် ကာလအတွင်း ပဲခူးတိုင်းဒေသကြီးမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကနေ အလုပ် အကိုင် အခွင့်အလမ်း ၁၃၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်း များများ ဖန်တီးပေးနိုင်တဲ့ CMP လုပ်ငန်းတွေ၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းတွေနဲ့ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းလူသုံးကုန်ထုတ်လုပ်တဲ့ စက်ရုံတွေကို ဦးစားပေးဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။