အခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်စ ဧပြီလအတွင်းက ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ်အစမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ဝင်ရောက်ထားပြီး အဲဒီလုပ်ငန်းတွေကနေ ရင်းနှီး မြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅၄ သန်း ရှိတာြဖစ်ပါတယ်။ ဘဏ္ဍာနှစ်စ ၁ လအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ လုပ်ငန်း ၂ ခု စတင်ဝင် ရောက်လာတာဖြစ်ပြီး တရုတ်နိုင်ငံက ဝင်ရောက်ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။အခု ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ ၊ ဒေသပေါင်း ၅၃ ခုရှိပြီး စင်ကာပူ ၊ တရုတ်နဲ့ ထိုင်းတို့က ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်နေတာပါ။

စီးပွားရေးကဏ္ဍ ၁၂ ခုရှိတဲ့အထဲက အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ကဏ္ဍတွေကတော့ စွမ်းအင်ကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ ဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၈ ဒသမ ၃၄ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှာတော့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၄ ဒသမ ၆၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၄ ဒသမ ၄၉ ရာခိုင်နှုန်းနဲ့ အသီးသီး ရင်းနှီးမြှုပ်နှံထားတယ်လို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ကနေ သိရပါတယ်။