ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ Block Trading စနစ်နဲ့ အရောင်းအဝယ် ဖြစ်တဲ့ စတော့ ရှယ်ယာစောင်ရေ ၅ သောင်းနီးပါးရှိခဲ့ပြီး စုစုပေါင်း အရောင်းအဝယ် ဖြစ်မြောက်တဲ့ ရှယ်ယာ တန်ဖိုး ငွေကျပ် ၁၃၈ သန်းကျော် ရှိခဲ့တယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သာမန်အရောင်းအဝယ်ပြုလုပ်တဲ့စနစ်မှာတော့ ရှယ်ယာစောင်ရေ ၁ သိန်း ၁ သောင်းကျော် အရောင်းအဝယ် ဖြစ်ခဲ့ ပြီး ရှယ်ယာအရာင်းအဝယ် တန်ဖိုးအနေနဲ့ ကျပ် ၃၇၅ သန်း သန်းကျော် ရှိခဲ့တာပါ။ ဒါ့ကြောင့် ဇန်နဝါရီလထဲမှာ သာမန်အရောင်းအဝယ်ပြုလုပ်တဲ့စနစ် အပါအဝင် စတော့အရေအတွက် အများအပြား အရောင်းအဝယ်ဖြစ်တဲ့ Block Trading စနစ်နဲ့ အရောင်းအဝယ် ဖြစ်မြောက်တဲ့ စတော့ရှယ်ယာစောင်ရေ စုစုပေါင်း ၁ သိန်း ၆ သောင်း ကျော် ရှိခဲ့ပြီး တန်ဖိုးငွေ ကျပ် ၅၁၃ သန်းကျော် ရှိခဲ့ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်ထဲမှာ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုက တစ်ကြိမ်တည်းမှာ ရှယ်ယာစောင်ရေ တစ်သောင်းနဲ့အထက် အရောင်းအဝယ် လုပ်ဆောင်တာကို Block Trading စနစ်နဲ့ အရောင်းအဝယ် ဖြစ်မြောက်တယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်စတော့အိတ်ချိန်း Main Board မှာရှိတဲ့ စာရင်းဝင် ကုမ္ပဏီ ၈ ခုထဲက ပထမ ပုဂ္ဂလိကဘဏ်(FPB)ရဲ့ စတော့ရှယ်ယာတွေ အများဆုံး ရောင်းချခဲ့ရပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း Main Board အပြင် ဒုတိယဈေးကွက်ဖြစ်တဲ့ Pre Listing Board မှာလည်း စတော့ ရှယ်ယာစောင်ရေ ၁၆၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးအနေနဲ့ ကျပ် ၅၁ သန်းကျော် ရှိပါတယ်။