ပြီးခဲ့တဲ့ ဧပြီလက ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ Block Trading စနစ်နဲ့ အရောင်းအဝယ် ဖြစ်တဲ့ စတော့ရှယ်ယာစောင်ရေ ၁ သိန်း ၂ သောင်း ကျော်ရှိခဲ့ပြီး စုစုပေါင်းအရောင်းအဝယ် ဖြစ်မြောက် တဲ့ ရှယ်ယာတန်ဖိုးငွေ ကျပ် ၂၂၅ သန်း ကျော် ရှိခဲ့တယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အချက်အလက် တွေအရ သိရပါတယ်။

သာမန်အရောင်းအဝယ်ပြုလုပ်တဲ့စနစ်မှာတော့ ရှယ်ယာစောင်ရေ ၆ သောင်း ၉ ထောင်ကျော် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ရှယ်ယအရောင်းအဝယ်တန်ဖိုး အနေနဲ့ ကျပ် ၂၃၅ သန်းကျော် ရှိခဲ့တာပါ။ဒါကြောင့် ဧပြီလထဲမှာ သာမန်အရောင်းအဝယ်ပြုလုပ်တဲ့စနစ် အပါအဝင် စတော့အရေအတွက် အများ အပြား အရောင်းအဝယ်ဖြစ်တဲ့ Block Trading စနစ်နဲ့ အရောင်းအဝယ်ဖြစ်မြောက်တဲ့ စတော့ရှယ်ယာ စောင်ရေ စုစုပေါင်း ၁ သိန်း-၉ သောင်း ရှိခဲ့ပြီး တန်ဖိုးငွေ ကျပ် သန်း ၄၆၀ ကျော် ရှိခဲ့ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ထဲမှာ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုက တစ်ကြိမ် တည်းမှာ ရှယ်ယာစောင်ရေ တစ်သောင်းနဲ့အထက် အရောင်းအဝယ် လုပ်ဆောင်တာ ကို Block Trading စနစ်နဲ့ အရောင်းအဝယ်ဖြစ်မြောက်တယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ဧပြီလအတွင်း ရန်ကုန်စတော့အိတ်ချိန်း Main Board မှာရှိတဲ့ စာရင်းဝင် ကုမ္ပဏီ ၈ ခုထဲက ပထမပုဂ္ဂလိ ကဘဏ်(FPB)ရဲ့ စတော့ရှယ်ယာတွေ အများဆုံး ရောင်းချခဲ့ရပါတယ်။ရန်ကုန်စတော့အိတ်ချိန်း Main Board အပြင် ဒုတိယဈေးကွက်ဖြစ်တဲ့ Pre Listing Board မှာလည်း စတော့ရှယ်ယာစောင်ရေ ၈၄၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးအနေနဲ့ ကျပ် ၂ သန်းကျော်ရှိခဲ့ ပါတယ်။