အခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ မေလအတွင်း ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ပမာဏ အမေရိကန်ဒေါ်လာ ၃၁ သန်းကျော် ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ် အစောပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၇ ခု ဝင်ရောက်ထားပြီး အဲဒီလုပ် ငန်းတွေကနေ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၈၃၇ သန်း ရှိတာြဖစ်ပါတယ်။နှစ်လအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခု နဲ့ ဝန်ဆောင်မှုလုပ်ငန်း ၁ ခုတို့ ဝင်ရောက်လာတာဖြစ်ပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဝင်ရောက် ရင်းနှီးမြှုပ်နှံထားတာပါ။

အခု ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုရှိပြီး စင်ကာပူ၊ တရုတ်နဲ့ ထိုင်းတို့က ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်နေပါတယ်။ ပြည်တွင်း စီးပွားရေးကဏ္ဍ ၁၂ ခုရှိတဲ့ထဲက အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေကတော့ စွမ်းအင် ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ ဖြစ်ပါတယ်။