ကုမ္ပဏီရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုသူ လျော့ကျလာတဲ့အပြင် တစ်ဖက်က ဖျော်ဖြေရေးလုပ်ငန်းတွေမှာလည်း အကြီးအကျယ် ကသောင်းကနင်းဖြစ်နေတာကြောင့် ဝါနာဘရားသားစ်ဒစ္စကာဗာရီ ရုပ်သံလုပ်ငန်းစုဟာ အင်တာ နက် ရုပ်သံတင်ဆက်မှုလုပ်ငန်းကနေ ကေဘယ်ရုပ်သံလိုင်းစနစ်ကို ခွဲထုတ်ပြီး သီးခြားကုမ္ပဏီနှစ်ခုအဖြစ် ဖန်တီး မှာ ဖြစ်ပါတယ်။

အိပ်ချ်ဘီအို၊ အိပ်ချ်ဘီအိုမက်စ်၊ ဝါနာဘရားသားစ်ရုပ်သံ၊ ဝါနာဘရားသားစ်ရုပ်ရှင်နဲ့ဒီစီစတူဒီယိုတွေလည်း ဒီရုပ်သံ တင်ဆက်မှုလုပ်ငန်းနဲ့ စတူဒီယိုကုမ္ပဏီမှာ ပါဝင်မယ်လို့ ဝါနာဘရားသားစ်ဘက်က ထုတ်ပြန်ထားပါတယ်။ အဲဒီကေဘယ်ရုပ်သံကုမ္ပဏီက အမေရိကန်မှာ တင်ဆက်မယ့် စီအင်န်အင်န်၊ တီအင်န်တီ အားကစားနဲ့ ဥရောပ တစ်ခွင်မှာ လေလှိုင်းကနေ အခမဲတင်ဆက်မယ့် ထိပ်တန်းချန်နယ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှယ်ယာ ဈေးကွက် ဖွင့်ချိန်မှာ ရှယ်ယာဈေးနှုန်းက ၁၁ ရာခိုင်နှုန်းအထိ မြင့်လာပါတယ်။

လက်ရှိမှာ Streaming & Studios လို့ နာမည်ပေးထားတဲ့ အဲဒီကုမ္ပဏီကို ဝါနာဘရားသားစ် ဒစ္စကာဗာရီက စီအီးအို ဒေးဗစ်ဇာဆလက်ဗ်က စီးအီအိုအဖြစ် တာဝန်ယူပြီး ဝါနာဘရားသားစ်ဒစ္စကာဗာရီက ဘဏ္ဍာရေးအကြီး အကဲ ဂန်နာဝီဒန်ဖဲလ်စ်က ဂလိုဘယ်နက်ဝေါ့ဆိုတဲ့ အဲဒီကေဘယ်ရုပ်သံကုမ္ပဏီမှာ စီအီးအိုအဖြစ် တာဝန်ယူသွား မှာ ဖြစ်ပါတယ်။