Wall Street ရဲ့စတော့ဈေးကွက်မြင့်တက်မှုကို အမီလိုက်နိုင်ဖို ရင်းနှီးမြှုပ်နှံသူတွေ ရုန်းကန်နေရတာကြောင့် အာရှစတော့ဈေးကွက် စတင်မှုက အားရစရာမရှိခဲ့ပါဘူး။ ဒါဟာ ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် နှစ်နှစ် နီးပါးအတွင်းမှာ တရုတ်စက်ရုံတွေရဲ့ လုပ်ငန်းလည်ပတ်မှု အမြန်ဆုံး လျော့ကျသွားတာဖြစ်တယ်လို AFP သတင်းမှာ ဖော်ြပထားပါတယ်။

ဧပြီ ၂ ရက်က ထရမ့်ရဲ့ အခွန်ကောက်ခံမှုကြေညာချက်ကြောင့် အဖတ်ပြန်ဆယ်နိုင်တဲ့ ဈေးကွက်တချို ရှိခဲ့ပေမယ့် နိုင်ငံတွေက ဝါရှင်တန်ရဲ့ အမျက်ဒေါသကို ရှောင်ဖို ကြိုးစားနေကြပြီး မရေရာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အမေရိကန်ရဲ့အခွန်တိုးကောက်မှုအပေါ် တရုတ်က တိုက်ရိုက်ဆွေးနွေးတာမျိုးမလုပ်ဘဲ အခွန်ပြန်တိုးကောက်ပြီး တုံပြန်ခဲ့ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နဲ့ အမေရိကန်ရဲ့ စီးပွားရေးလုပ်ငန်းဆုံးဖြတ်ချက်တွေ နောက်ကျသွားနိုင်ပါတယ်။တရုတ်ဟောင်ကောင်နဲ့ရှန်ဟိုင်း စတော့ဈေးကွက်တွေ ကျဆင်းခဲ့သလို ဆိုးလ်၊ ဝယ်လင်တန်နဲ့ ဂျကာတာတိုမှာ လည်း စတော့ဈေးကွက်တွေ ကျဆင်းခဲ့ပါတယ်။ ဆစ်ဒနီ၊ စင်ကာပူ၊ တရုတ်တိုင်ပေနဲ့ မနီလာတိုမှာတော့ အနည်းငယ် မြင့်တက်ခဲ့ပါတယ်။ အများအပြား ဆုံးရှုးထားတဲ့ ဈေးကွက်တွေက ထရမ့်ရဲ့ လိုက်လျောမှု တချို ကြောင့် ပြန်လည် ကောင်းမွန်လာနိုင်ချေ ရှိပါတယ်။

ကုန်သွယ်ရေး မရေရာမှုနဲ့ မြင့်တက်လာတဲ့ အခွန်စရိတ်တွေကြောင့် မကြာခင်မှာ စီးပွားရေး နှေးကွေးလာနိုင်ပါ တယ်။ ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးတိုးတက်မှုဆိုင်ရာ အချက်အလက် တွေကို စောင့်ကြည့်နေကြပြီး အခွန်အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သိရဖို Microsoft, Apple, Meta နဲ့ Amazon အပါအဝင် Wall Street ထိပ်သီးကုမ္ပဏီကြီးတွေရဲ့ ဝင်ငွေအချက်အလက် ထုတ်ပြန်ချက် တွေကိုလည်း ဆက်လက်စောင့်ကြည့် လေ့လာနေကြပါတယ်။