အမေရိကန်နဲ့ တရုတ်တို့ အနည်းဆုံး ရက်ပေါင်း ၉၀ ကြာ စည်းကြပ်ခွန်တွေ လျှော့ချဖို့ သဘောတူညီခဲ့ကြပြီး နောက် ကမ္ဘာ့စတော့ရှယ်ယာ ဈေးကွက်တွေ ပြန်လည်မြင့်တက်လာကြောင်း Fox News သတင်းမှာ ရေးသား ပါရှိပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲကို ရပ်တန့်စေလိုက်သလို ညှိနှိုင်းမှုတွေ ဆောင်ရွက်ပြီးနောက် မေလ ၁၂ ရက်မှာ ကမ္ဘာ့စတော့ဈေးကွက်တွေ အနည်းငယ် မြင့်တက် လာခဲ့တာပါ။

ကုန်သွယ်ရေးလိုငွေပြမှုအပြင် အမေရိကန်သမ္မတ ချမှတ်ထားတဲ့ မြင့်မားတဲ့ စည်းကြပ်ခွန် ကောက်ခံမှု အကျပ် အတည်းကို တိုက်ဖျက်ဖို့ ဘေကျင်းက တောင်းဆိုခဲ့ပြီးနောက် အမေရိကန်နဲ့တရုတ်တို့ဟာ အနည်းဆုံး ရက်ပေါင်း ၉၀ ကြာ စည်းကြပ်ခွန်တွေ လျှော့ချဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။အကောက်ခွန်လျှော့ချတဲ့အပြင် ဧပြီ ၂ ရက်နောက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ပို့ကုန်တန်ပြန်အရေးယူမှုတွေကို ရုပ်သိမ်း ဖို့လည်း တရုတ်နိုင်ငံက သဘောတူညီခဲ့တယ်လို့ တရုတ်နိုင်ငံ အဆင့်မြင့်အကောက်ခွန်အရာရှိတစ်ယောက်ကFox News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် တရုတ်အစိုးရပိုင်မီဒီယာတစ်ခုဖော်ပြချက်အရ ဘေကျင်းက အခြေခံမူတွေကို ခိုင်မာစွာလိုက်နာပြီး အမေရိကန်နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းကို ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။