အမေရိကန်သမ္မတထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေကြောင့် အမေရိကန်စတော့ရှယ်ယာတန်ဖိုးတွေ အမေရိကန်ဒေါ်လာ ၅ထရီလီယံအထိ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အခွန်တိုးမြှင့်ကောမှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူ အများအပြားကို တုန်လှုပ်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုလည်း တုန်လှုပ်စေခဲ့တာပါ။

ထရမ့် မူဝါဒအသစ် အတားအဆီးကြောင့် စီးပွားရေးလုပ်ငန်းတွေ ၊ စားသုံးသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် မသေချာမရေရာမှုများစွာ ဖြစ်ပေါ်စေခဲ့တာပါ။အထူးသဖြင့် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ကဲ့သို့ အဓိကကုန်သွယ်ဖက်တွေအပေါ် အပြန်အလှန်အခွန်ကောက်ခံတွေမှုကြောင့် စီးပွားရေး အကျိုးသက်ရောက်မှု များစွာဖြစ်ပေါ်ခဲ့တာပါ။ဒါ့ကြောင့်လည်း ကမ္ဘာ့စီးပွားကို များစွာလှုပ်ခတ်ခဲ့ပြီး အမေရိကန်စတော့ရှယ်ယာဈေးကွက်တစ်ခုလုံး ထိခိုက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် အကြီးတန်း ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာပညာရှင်တစ်ဦးပြောကြားချက်အရ အမေရိကန်သမ္မတထရမ့်ရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကြောင့် စတော့ဈေးကွက်ကို ထိထိရောက်ရောက်သက်ရောက်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဈေးကွက် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အခုနှစ်အတွင်း S&P 500 အညွှန်းကိန်းကလည်း ၂.၇ ရာခိုင်နှုန်းဝန်းကျင်ကျဆင်းခဲ့ပြီး အရောင်းအဝယ်ဈေးနှုန်းတွေကလည်းကျဆင်းခဲ့တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုထားကြပါတယ်။