စီးပွားရေးလုပ်ငန်းတွေ/အဖွဲ့အစည်းတွေက ဘဏ်တွေမှာ ငွေသားအပ်နှံထည့်သွင်းထားတဲ့ ဘဏ်စာရင်းသစ် (Special Account)ကနေ အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူခွင့် ပြုထားတယ်လို့ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ဖြေကြားထားပါတယ်။
ပုဂ္ဂလိကဘဏ်အချို့မှာ Special Account တွေကနေ ငွေသား ၁၀ သိန်းကနေ သိန်း ၂၀ အထိသာ ထုတ်ယူနိုင် တော့ကြောင်း သတင်းထွက်ပေါ်နေတဲ့အပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြန်လည်ဖြေကြားထားတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေ/အဖွဲ့အစည်းတွေက ဘဏ်တွေမှာ ငွေသားအပ်နှံထည့်သွင်းထားတဲ့ ဘဏ်စာရင်းသစ် (Special Account) တွေနဲ့ စပ်လျဉ်းပြီး ငွေသားပြန်လည်ထုတ်ယူတာအတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်မှုမရှိ ပြန်လည်ထုတ်ယူခွင့် ပြုပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘဏ်တစ်ခုအတွင်းက ငွေစာရင်းတွေ အချင်းချင်း ဒါမှမဟုတ် မတူညီတဲ့ ဘဏ်တွေက ငွေစာရင်းတွေ အချင်းချင်းအကြား စာရင်းလွှဲပြောင်းခြင်း (Account Transfer)ကို ပိုမိုအသုံးပြုဖို့နဲ့ ငွေသားထုတ်ယူတာကို မဖြစ်မနေ ကိစ္စရပ်အတွက်သာ ထုတ်ယူဖို့ အများပြည်သူကို ပန်ကြားထားပြီး ဖြစ်တယ်လို့လည်း နိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။