SME နှစ်ဆင့်ချေးငွေစီမံကိန်းအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင်၂၆၂၆ ယောက်ကို ချေးငွေ ကျပ် ၅၄၄ ဘီလီယံကျော် ထုတ်ချေးထားပြီးဖြစ်တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ စတင်ဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။စီမံကိန်းအဆင့်-၁ မှာ သက်ဆိုင်ရာဘဏ် ၆ ဘဏ်ကနေတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ လုပ်ငန်းရှင် ၆၆၃ ယောက်ကို ချေးငွေကျပ် ၁၅၇ ဒသမ ၂၄၃ ဘီလီယံထုတ်ချေးခဲ့ပြီး စီမံကိန်းအဆင့်-၂ မှာ သက်ဆိုင်ရာ ဘဏ် ၁၁ ဘဏ်ကနေတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ လုပ်ငန်းရှင် ၁၉၆၃ ယောက်ကို ချေးငွေကျပ် ၃၈၇ ဒသမ ၅၄၃ ဘီလီယံ ထုတ်ချေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချေးငွေတွေကို ပြန်လည်ပေးဆပ်တဲ့အချိန်မှာ အပြည့်အဝပြန်လည်ရရှိဖို့လိုအပ်သလို ချေးငွေအသစ်တွေ ထုတ်ချေးရာမှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်းတွေ၊ မူဝါဒတွေနဲ့ကိုက်ညီစေဖို့ စနစ်တကျ စိစစ်ထုတ်ချေးဖို့ လိုအပ်တယ်လို့ ဦးမင်းထွဋ်က ပြောပါတယ်။