မန္တလေးတိုင်းဒေသကြီးမှာ ချေးငွေလျှောက်ထားရာမှာလိုအပ်တဲ့ SME ယာယီမှတ်ပုံတင် လက်မှတ် (၉၀၉)ခုကို (၂၀၂၄)ခုနှစ် စက်တင်ဘာလကုန်အထိ ထုတ်ပေးနိုင်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။
ယာယီမှတ်ပုံတင်လက်မှတ်ကို အသေးစားလုပ်ငန်းအတွက် (၅၉၄)ခုနဲ့ အလတ်စားလုပ်ငန်းအတွက် (၃၁၅)ခု ထုတ်ပေးခဲ့တာပါ။
လက်ရှိမှာတော့ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ကနေ MSME လုပ်ငန်းရှင်တွေကို ချေးငွေတွေ ထုတ်ချေးပေးနေတယ်လို့လည်း သိရပါတယ်။

ထုတ်ချေပေးမဲ့ ငွေပမာဏအနေနဲ့ အသေစားလုပ်ငန်းအတွက် ငွေကျပ် (၁၀)သန်း၊ အငယ်စား လုပ်ငန်းအတွက် ငွေကျပ် သန်း(၅၀) နဲ့ အလတ်စားလုပ်ငန်းအတွက် ငွေကျပ် သန်း (၁၀၀)အထိ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။
MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာရရှိရေး အလုပ်ရုံဆွေးနွေးပွဲတွေ၊ နည်းပညာလွှဲပြောင်းပေးမှုတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေရရှိရေး၊ ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုနိုင်ရေးနဲ့ ဈေးကွက်ရရှိရေး အတွက် E-Market Platform တည်ထောင်ပေးတာတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။