Shwe Bank နဲ့ New MSME အသင်းတို့ ပူးပေါင်းပြီး Shwe & New မိုးရာသီစျေးရောင်းပွဲတော်ကို ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ Shwe Bank ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်၊၊
အဲဒီပွဲတော်ကို ဩဂုတ်လ ၂၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်၊၊

အခုစျေးရောင်းပွဲတော်ဟာ MSME လုပ်ငန်းတွေအတွက် အကျိုးပြုစေတဲ့အပြင် လာရောက်ဝယ်ယူ သူတွေကိုလည်း စျေးနှုန်း သက်သက်သာသာနဲ့ ရောင်းချမှာဖြစ်တယ်လို့ Shwe Bank ရဲ့ အထွေထွေမန်နေဂျာ မသီရိအောင်က ပြောပါတယ်၊၊
အခုစျေးရောင်းပွဲတော်မှာတော့ အဝတ်အထည်၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ဒေသထွက်ကုန်တွေ၊ ဆန်၊ ဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်၊၊