ထိုင်းစီးပွားရေးလုပ်ငန်းစု ဆိုင်ယမ်ဘိလပ်မြေအုပ်စု(SCG)ဟာ မြန်မာနိုင်ငံကစက်ရုံနှစ်ခုရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားတယ်လို့ ထိုင်းအခြေစိုက် The Nation Thailand သတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ်။
စစ်ရေးပဋိပက္ခတွေကြားမှာ စက်ရုံတွေက စက်ပစ္စည်းတွေခိုးယူခံထားရသလို ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်မထိခိုက်အောင်ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းဘိလပ်မြေလုပ်ငန်း Siam Cement Group(SCG) ဟာ မြန်မာနိုင်ငံမှာ ဘတ်ငွေ ၈ ဘီလီယံကျော်ဖိုးရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံနှစ်ခုရဲ့လုပ်ငန်းလည်ပတ်မှုကိုရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပြန်လည်လည်ပတ်ဖို့ မျှော်လင့်ချက်မရှိနိုင်တာ ကြောင့် ရပ်နားလိုက်တာဖြစ်တယ်လို့လည်း SCG ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်းနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် ဆိုင်ယမ်ဘိလပ်မြေအုပ်စု(SCG)ဟာ လုပ်ငန်းတွေတိုးချဲ့မယ့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ရတယ်လို့သတင်းမှာဖော်ပြထားပါတယ်။